ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ အခြေခံ စားသောက်ကုန်များ လှူဒါန်း

ဒဂုံ(ဆိပ်ကမ်း) အောက်တိုဘာ ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် Stay at Home ကာလအတွင်း သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရန် ယမန်နေ့၊ နေ့လယ် ၁နာရီ အချိန်တွင် ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းသို့ ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များအား သွားရောက် ကပ်လှူခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရပ်ကွက်သူရပ်ကွက်သား စေတနာအလှူရှင်များ စုပေါင်း၍ လှူဒါန်းသော ဆန်၊ ဆီနှင့် အခြား စားသောက်ကုန်များကို (၉၂)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ရပ်ကွက်ပရဟိတအဖွဲ့ များက ဘုန်းကြီးကျောင်း (၆ )ကျောင်းနှင့် သီလရှင်ကျောင်း(၆)ကျောင်းထံသို့ လှူဖွယ်ပစ္စည်းများအား သွားရောက် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေး မဖြစ်စေရန် အဖွဲ့(၂)ဖွဲ့ခွဲ၍ သွားရောက်ကပ်လှူခဲ့ကြောင်း၊ လှူဒါန်းမှုတန်ဘိုးမှာ စုစုပေါင်း (၂၉၇၀၀၀၀) ကျပ်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားရေး သောက်ရေး အခက်အခဲရှိသော လုပ်သားပြည်သူများထံသို့ အခြေခံစားသောက်ကုန်များ ဆက်လက်ဖြန့်ဝေပေးရန် ဆောင်ရွက်လျက်ရှိ ကြောင်း (၉၂)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်အောင်ထံမှ သိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)