နွားထိုးကြီးမြို့ ၂၀၀၈-၂၀၀၉ ကျောင်းသား၊ ကျောင်းသူများမှ နှာခေါင်းစည်းများလှူဒါန်း

နွားထိုးကြီး အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ ၂၀၀၈-၂၀၀၉ ကျောင်းသား၊ ကျောင်းသူများမှ မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ နှာခေါင်းစည်းများ လှူဒါန်းခြင်း ကို ယမန်နေ့နံနက်ပိုင်းက ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့ထွက်ကျန်းမာရေး စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများအား လမ်းသွားလမ်းလာ ပြည်သူများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် နှားခေါင်းစည်း ၂၅၀ ခုကို လှူဒါန်းပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အလှူရှင်အားတာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ နွားထိုးကြီး မြို့ဝင်/ထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များသို့ အလှူရှင်များက နှာခေါင်းစည်းများ လှူဒါန်းပေးလျက်ရှိရာ တာဝန်ရှိသူများက လက်ခံပြီး နှာခေါင်းစည်းများကို လမ်းသွားလမ်းလာ ပြည်သူများနှင့် ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေပေးပြီး ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)