လက်ပံတန်းမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံးသုံးပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များထုတ်ပေး

လက်ပံတန်း အောက်တိုဘာ ၂၇

နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၌ ဖွင့်လှစ်ထားရှိမည့် မဲရုံများတွင် အသုံးပြုရန် အတွက် မဲရုံသုံးပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက် ၉ နာရီတွင် စတင်ထုတ်ပေးလျက်ရှိသည်။
လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံပေါင်း (၁၇၆) ရုံအတွက် မဲရုံသုံးပစ္စည်းများကို ထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒနယ်မြေအလိုက် ကျေးရွာ အုပ်စုများအား အဖွဲ့ဝင်များက ထုတ်ပေးခဲ့ကြသည်။
လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၃) အုပ်စုရှိပြီး၊ မဲရုံပေါင်း(၁၇၆) ရုံတွင် တိုင်းရင်းသားရေးရာ မဲရုံ (၇၅)ရုံနှင့် မဲရုံအဖွဲ့ဝင် (၂၃၁၆) ဦးဖြင့် အထွေထွေရွေးကောက်ပွဲကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၃၆၇၀၀) ဦး၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော်အတွက် မဲပေးခွင့်ရှိသူ(၅၀၅၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝင့်နန္ဒာဌေး