မိုင်းယန်းမြို့နယ်၌ ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲရုံသုံးပစ္စည်းများပြည့်စုံရေး စစ်ဆေးဆောင်ရွက်

မိုင်းယန်း အောက်တိုဘာလ  ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးနှင့်မဲရုံသုံး ပစ္စည်းများပြည်စုံရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို အောက်တိုဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မိုင်းယန်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဖွင့်ဖောက်စစ်ဆေးမှုကို စနစ်တကျ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့၌  ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူရရှိသည့် အရေအတွက်အတိုင်း ပြည့်/မပြည့်၊ စွန်းထင်း/ စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှုရှိ/ မရှိ၊ သတ်မှတ်မဲ ဆန္ဒနယ်၏ ဆန္ဒမဲ လက်မှတ် ဟုတ်/မဟုတ် ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ် လောင်းများ၏ အမည်၊အသုံးပြု သင်္ကေတ (Logo)များ မှန်ကန်မှု ရှိ/မရှိ တို့အား ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များကို ပြည်သူ့ လွှတ်တော်ဆန္ဒမဲလက်မှတ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်()နှင့် အမှတ်() ဆန္ဒမဲလက်မှတ်၊ တိုင်းရင်းသား ဆန္ဒမဲလက်မှတ်  စသည့်ဖြင့် ဆန္ဒမဲလက်မှတ်များ၊ ပြည့်စုံမှန်ကန်မှုရှိရေးအတွက် မိုင်းယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်သိန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲရုံးမှ သိရှိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)