လမ်းမတော် အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် အ.ထ.က(၁)ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre သို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ၊ Volunteer များ အတွက် နေ့လယ်စာထမင်းဘူး၊ Handgel၊ Mask နှင့် အလှူငွေများကို ယမန်နေ့က အလှူရှင်များမှ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် တိုက်(၃၇)၊ အခန်း(၇)၊ ဗဟိုစည်အိမ်ရာနေ ဦးသိန်းမြင့်မိသားစုမှ နေ့လယ်စာ ထမင်းဘူး(၁၁၀)၊ အမှတ်(၈၆/၈၈) ဝါးတန်းလမ်းနေ ဦးမောင်ထိုက်(ရွှေလဝင်း)မိသားစုမှ အလှူငွေ(၁) သိန်းကျပ်နှင့် Handgel (၁၀)ဘူး၊ Mask(၂၀)ဘူးတို့အားလည်းကောင်း၊ အမှတ်(၂၂)၊ ၁၄ လမ်းနေ မိဘဂုဏ်ရည် မိသားစုမှ အလှူငွေ(၁)သိန်းကျပ် တို့အား လာရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ် Quarantine Center အထက(၁)နှင့် Anasmia Center အလက(၁) မြမာလာတို့ တွင် ဖွင့်လှစ် ဆောင်ရွက်ထားရှိရာ အဆိုပါအသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ အလှူရှင်၊ စေတနာရှင်များက စားသောက်စရာများအား လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။
အေးမဥ္ဇူ (ပြန်/ဆက်)