သာလင်း - မြင်သား မြစ်သာမြစ်ကူးတံတား ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ဖြတ်သန်းသွား လာမှုခွင့်ပြုရာ ဒေသခံပြည်သူများ ဆက်သွယ် သွားလာမှု အဆင်ပြေလွယ်ကူ

ဂန့်ဂေါမြို့နယ် သာလင်းရွာနှင့် မြင်သားရွာ ကျေးရွာချင်းဆက်လမ်းရှိ သာလင်း - မြင်သား မြစ်သာမြစ်ကူးတံတား ယခုနှစ်တွင် ဆောက်လုပ်၍ ဖြတ်သန်းခွင့်ပြုထားပြီဖြစ်ရာ ဒေသနေ ပြည်သူများ ဆက်သွယ်သွားလာမှု လွယ်ကူနေကြပြီဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသူ (၅၈) ဦးအား swab နမူနာယူစစ်ဆေးရာမှ (၄) ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်းသိရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသည့် နေရပ်ပြန် (၅၈) ဦးတို့ကို ယမန်နေ့နံနက်ပိုင်းက တို့ဖတ်နမူနာ (swab) ယူ၍ စစ်ဆေးခဲ့ရာ၊ (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန်အတွက် အလှူငွေများ လာရောက်လှူဒါန်းခြင်းကို အောက်တိုဘာလ ၂၇ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ(၃/၂၀၂၀)အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ(၃/၂၀၂၀) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင် အဝင်အထွက်ကန့်သတ်ထားသော ကုန်းသာကျေးရွာ မှ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အဝင်အထွက်ကန့်သတ် ထားသော ကုန်းသာကျေးရွာမှ အိမ်ထောင်စုများအတွက် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ အောင်လံ ဆီစက်နှင့် ကုန်စုံဆိုင် မိသားစုမှ အခြေခံစားသောက်ကုန်များကို (အောက်တိုဘာ ၂၇ ရက်) ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါကျေးရွာ၌ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္က၊ အဖွဲ့ဝင်များ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထားဝယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္က၊ အဖွဲ့ဝင်များ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ ထားဝယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပသည်။

ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲတွင် အသုံးပြုမည့်မဲရုံသုံးပစ္စည်းများကို ထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အောက်တိုဘာ ၂၇ရက်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းလီမိတက်က ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး က ဦးဆောင်၍ တောင်ကြီးခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ တောင်ကြီးမြို့နယ် (COVID-19) ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီထံသို့ အလှူငွေလှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ ၌ ပြုလုပ်ခဲ့သည်။

ကသာခရိုင် အင်းတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်ပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာသင်တန်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့အထိ အင်းတော် မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ် ပို့ချလျက် ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်ရှိအိမ်ထောင်စု( ၂၅၀)စု အတွက်အခြေခံစားသောက်ကုန်များ We Love Hlaing မှလှူဒါန်း

ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်စဉ် ကာလအတွင်း ပြည်သူများစားဝတ် နေရေး အစဉ်ပြေစေရေး အတွက် We Love Hlaing ပရဟိတအဖွဲ့ သည်အနယ်နယ်အရပ်ရပ်မှ လှူဒါန်းပေးလျက်ရှိသော အလှူရှင်များ ကိုယ်စားရပ်ကွက်များရှိ အ​ခြေခံလူတန်း စားများ၊ သက်ကြီးရွယ်အိုများ၊မ သန်စွမ်းများအိမ်ထောင်စု(၂၅၀)စုအ တွက် အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းကသွား ရောက်လှူဒါန်းခဲ့သည်။
Subscribe to