သီပေါ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HVP) အကြောင်းနှင့် (HPV)ပိုးနှင့် ပတ်သက်သော သိကောင်းစရာ အသိပညာပေး နံရံကပ်စောင်အား ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့ အလူမီနီယံမြေစိုက်နံရံကပ်ပြဘုတ်ဘေးတွင် သီးသန့်ပြဘုတ်ဖြင့် ယနေ့နံနက်ပိုင်းက ပြသ ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (HVP) ကာကွယ်ဆေးထိုးကြပါစို့၊ (HVP)ကာကွယ်ဆေးဆိုတာဘာလဲ၊ ဘာရောဂါတွေကိုကာကွယ်နိုင်တာလဲ၊ (HVP)ပိုးက ဘယ်လိုကူးစက်တတ်တာလဲ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက ဘယ်လိုရောဂါ လက္ခဏာတွေပြတတ်သလဲ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့် ကုသခြင်း၊ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထည့်သွင်း ထိုးနှံပေးခြင်း အစရှိသည့် အကြောင်းအရာများပါဝင်သော နံရံကပ်စာစောင်ကို ပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ် ပြသပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်အကြီးတွင်လည်း ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သော အသိပညာပေး အကြောင်းအရာများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်ချက်သတင်းများ စသည်တို့ကိုလည်း အပတ်စဉ်လဲလှယ်၍ ကဏ္ဍအလိုက် ပြသဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)