မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ကျေးလက်လမ်း ( ၁၄) လမ်းနှင့် တံတားတစ်စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သန်း ၁၅၈၀ ကျော်ဖြင့် ကျေးလက်လမ်း (၁၄)လမ်းနှင့် တံတားတစ်စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။