ပုသိမ် လူမှုကူညီအကိုများအဖွဲ့မှ ရေဆိုင်ကျေးရွာသို့ စားသောက်ကုန်များ သွားရောက်လှူဒါန်း

ပုသိမ်  အောက်တိုဘာ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်လူမှုညီအကိုများအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း လူမှုကူညီကယ်ဆယ်ရေးများ လုပ်ဆောင်လျက်ရှိရာ ကန်ကြီးထောင့်မြို့နယ် ရေဆိုင်ကျေးရွာတစ်ရွာလုံးကို lockdown သက်မှတ်ထားသည့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၆၀ ရဲ့စားဝတ်နေရေးခက်ခဲမှုကို တစ်ဘက်တစ်လမ်းမှ ကူညီ ဖြေရှင်းပေးသည့် အနေဖြင့် အောက်တိုဘာလ ၂၆ရက်နေ့ နေ့လည်ပိုင်းက အခြေခံစားသောက်ကုန်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့လှူဒါန်းရာတွင် အိမ်ထောင်တစ်စုလျှင် ဆန် ၄ပြည်၊ ဆီ ၃၀ကျပ်သား၊ ဆား ၁ ထုတ်၊ ကြက်သွန်နီ ၄၀ကျပ်သားနှုန်းဖြင့် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)