ကွတ်ခိုင်မြို့နယ်အတွင်း အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ သက်ဆိုင်ရာတာဝန်ရှိသူများထံ ထုတ်ပေး

ကွတ်ခိုင် အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ၌ အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထုတ်ပေးခဲ့သည်။

မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံး၊ ဆာလာအိတ်၊ ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ အမှိုက်တောင်း၊ ချိတ်တောင့်၊ မီးခြစ်၊ ဖယောင်းတိုင်၊ လက်သုတ်ပဝါနှင့် အခြားမဲရုံသုံးပစ္စည်းစုစုပေါင်း(၃၀)မျိုးကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များထံသို့မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့မှ စနစ်တကျ ထုတ်ပေးခဲ့သည်။

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ်အတွင်း နောက်ဆုံးကပ်ထား ကြေညာသည့် မဲဆန္ဒရှင်ပေါင်း (၁၂၉၇၀၇)ရှိပြီး မဲရုံပေါင်း ၁၃၄ ရုံ လျာထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ ကျေးရွာအုပ်စု()အုပ်စုအား ရွေးကောက်ပွဲ မကျင်းပနိုင်သည့် တည်နေရာအဖြစ် ကြေထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

ကိုမိုင်း(ပြန်/ဆက်)