သပိတ်ကျင်းမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

သပိတ်ကျင်း အောက်တိုဘာလ ၂၇

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ မြို့နယ်ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်းက အမှာစကား ပြောကြားခဲ့ပြီ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ဆောင်ရွက်ထားမှု အခြေအနေများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင် မဲပေးနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများ မေးမြန်းဆေးနွေးခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်ကျော်ဌေးမှ ဇုံအလိုက် လုံခြုံရေး တာဝန်ချထားမှု အခြေအနေများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးမှ မီးဘေးလုံခြုံရေးကိစ္စရပ်များ ဆွေးနွေးပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန်ခွဲ့မှု ကော်မတီများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီစုံအထွေထွေ ရွေးကာက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေအဖွဲ့များ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)