ဓနုဖြူမြို့နယ်၌ ဆန္ဒမဲစာရင်းတွင်အချက်အလက်မှန်ကန်စွာပါဝင်နိုင်စေရေး တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မဲစာရင်းလာရောက်မကြည့်ရှုနိုင်သည့် ပြည်သူများအား ဆန္ဒမဲစာရင်းတွင် အချက်အလက်မှန်ကန်စွာ ပါဝင်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက ယနေ့နံနက် ၇ နာရီက တမြာကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။