ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်း

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ မဲရုံအသီးသီးတွင်မဲရုံလုံခြုံရေး အထူးရဲများရွေးချယ်ခန့်အပ်ပြီး သင်တန်းပို့ချပေးခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများ သင်တန်း ဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများ သင်တန်း ဆင်းပွဲကို ယနေ့ နံနက်(၈)နာရီအချိန်ကတမူးမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပုလောမြို့ အမှတ်(၅)ရပ်ကွက် ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွား သင်တန်း ဖွင့်လှစ်

ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွင် ပုလောမြို့အမှတ် (၅)ရပ်ကွက်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်(၉) နာရီက ပုလောမြို့ ၊ အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် နေရပ်ပြည်ပြန်(၂)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် နေရပ်ပြန်(၂)ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီ ဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယမန်နေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး နေအိမ်တွင် (၇)ကြာ Home Quarantine ဆက်လက်နေထိုင်ရမည်ဖြစ်သည်။

အောင်မြေသာစံမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက်ရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် နေအိမ်များ အရောက် ဆောင်ရွက်ပေးမည့်အကြောင်း အသိပေးကြေညာ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၀) နှစ်နှင့်အထက်ရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်‌အတွက် နေအိမ်များအရောက်လာရောက်ဆောင်ရွက်ပေးမည့်အကြောင်း အသိပေးကြေညာခြင်းများကို ယမန်နေ့ ညနေပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များက မော်တော်ယာဉ်များနှင့် လှည့်လည်၍ အသံချဲ့စက်များဖြင့် အသိပေးကြေညာခဲ့ ကြကြောင်းသိရသည်။

သိန္နီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး တာ၀န် ဆောင်ရွက်မည့် အထူးရဲ သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး တာ၀န်ဆောင်ရွက်မည့် အထူးရဲ သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၇)နာရီ အချိန်ခန့်ကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရွှေစင်ခန်းမ၌ကျင်းပပြုလုပ်သည်။

မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် မိုးစပါး မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများနှင့် မိုးစပါး စိုက်ခင်းများတွင် (Field Inspection) ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်နည်းပညာ ပြန့်ပွား ရေးစင်တာနယ်မြေအတွင်း Covid-19 ကာလတွင် စီးပွားရေးကုစားမှု CERP အစီစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများနှင့် မိုးစပါးစိုက်ခင်းများတွင် (Field Inspection) ဆစ်ပိုး၊ ဖြုတ်ပိုး၊ ကြွက် ကျရောက်မှုမရှိစေရန်အတွက် ယနေ့နံနက်(၉)နာရီ အချိန်က ခင်မွန်နည်းပညာပြန့်ပွားရေးစင်တာနယ်မြေ၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

မောက်မယ်မြို့နယ် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်နှင့် အညီ လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ၈ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စေရေး ၊ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများမှကျန်းမာရေးဆိုင်ရာညွှန်ကြားချက်နှင့်အညီ လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်၂ နာရီ က နမ့်ယွမ်းခန်းမ၌ ကျင်းပ ခဲ့သည်။

ပလက်ဝမြို့ပေါ် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား သင်တန်းပို့ချ

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ မဲရုံ(၁၀)တွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာတာဝန် လုပ်ငန်းခွင်သင်တန်းပို့ချခြင်းကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to