ဒီးမော့ဆိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေး

ဒီးမော့ဆို       အောက်တိုဘာ                    ၂၇

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင် က နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဒီးမော့ဆိုမြို့နယ်တွင် မဲရုံ (၆၄)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းထားရှိပြီ ဖြစ်ကြောင်း၊ ကော်မတီဝင်များအား အုပ်စုများဖွဲ့၍ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းတာဝန်များ ခွဲဝေပေးအပ်ပြီဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်းက လုံခြုံရေးဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးစိုးမင်းထွေး က ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေးကြကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)