ချောင်းဆုံ အောက်တိုဘာ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် တွင်ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းများကို မြို့နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန မှ အောက်တိုဘာ ၂၇ ရက်နေ့နံနက် (၉:၃၀)အချိန်ခန့်က က မုကွဲကျေးရွာ အတွင်းရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးကွင်းဆင်းရာတွင် မြို့နယ် ဘေး/စီမံ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်း နှင့် တာဝန်ရှိဝန်ထမ်းများ၊ မုကွဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးသိန်းဇော်နှင့် ရပ်မိရပ်ဖများက မုကွဲ ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ကူးစက် ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်း၊ ပန်ကြားချက် များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)