လဲချားတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းခရိုင် မြင်းမှုမြို့နယ်တွင် ထင်းအစားထိုးလောင်စာသုံး ထူးချွန်စံပြ(ဒုတိယဆု)ရရှိကျေးရွာအား ဂုဏ်ပြုလွှာ ပေးအပ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ထင်းအစားထိုးအခြားလောင်စာသုံးထူးချွန်စံပြကျေးရွာ(ဒုတိယ)ဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရှိ ကံသုံးဆင့်ကျေးရွာအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို အောက်တိုဘာလ(၂၇)ရက်နေ့က ယင်းကျေးရွာရှိဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

မိုင်းဖြတ်မြို့နယ်၌ အထူးရဲသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲရုံလုံခြုံရေးအဖြစ် ပါဝင်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီအချိန်ခန့်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့၌ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအင်အား ဖြည့်တင်း ရန် ဖွင့်လှစ်ခဲ့သည့် သင်တန်းဆင်းပွဲ (အထူးရဲသင်တန်း)ကို ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်၊ ရွှေစည်းခုံစေတော် ဘုရားဝင်းအတွင်းရှိ မဟာဝေဇယန္တာ ဓမ္မဗိမာန်တော်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

မဲရုံပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှု

လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေ(၄)နာရီခွဲ အချိန်က လားရှိုးမြို့၊လမ်းမတော်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ အလက(၅) အခြေခံပညာ အထက်တန်း ကျောင်းခွဲရှိ စံပြမဲရုံဆောင်ရွက် ထားရှိမှုများအား ကြည့်ရှုခဲ့ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးစိုင်းဇော်မင်း၊ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးနှင့် မဲရုံတာဝန်ရှိသူများက ကိုဗစ်(၁၉) ကာကွယ်ရေး လမ်းညွှန် ချက်များ အတိုင်း မဲရုံအတွက်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ရှင်းပြခဲ့ပြီးနောက် လားရှိုးမြို့နယ် စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးအာကာလင်းက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ဂန့်ဂေါခရိုင် ဆောမြို့နယ် သိန်းကျင်းကျေးရွာတွင် (၂၄)နာရီ လျှပ်စစ်မီးရရှိ

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သိန်းကျင်း ကျေးရွာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ သိန်းကျင်းကျေးရွာတွင် အောက်တိုဘာ ၂၇ ရက်နေ့က (၂၄)နာရီ မီးလင်းပြီဖြစ်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ကျောက်ဆည်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၀ ပြည့်နှစ်  ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်  မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ ၂၂၀ ဦးအား ယနေ့နံနက် (၈) နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ အား ရွေးကောက်ပွဲဆိုင်ရာသရုပ်ပြဆောင်ရွက်

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ သရုပ်ပြခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိုင်းငေါ့မြို့ အဝင်စစ်ဆေးရေးဂိတ်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး အတွက် ကျန်းမာရေးသုံး ပစွည်းများ လာရောက်လှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်(Mask)နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာ ကြရန် အတွက် ယမန်နေ့က မိုင်း‌ငေါ့မြို့ အဝင် စစ်ဆေးရေး ဂိတ်သို့ ပြည်သူ့ လွှတ်တော် ကိုယ်စာလှယ် ဦးစိုင်းထွန်းအောင်မှ ကျန်းမာရေးသုံးပစ္စည်းများ ဖြစ်သော(Mask) နှာခေါင်းစည်း(၂)ဗူး၊ အဝတ်စ နှာခေါင်းစည်း(Mask)အခု(၈၀)၊ Hald Gel 250ml(၁၀၀)ဗူး ၊အမွှေးခဲ ဆပ်ပြာ(၁၀၀ )ခဲတို့ ကို လှူဒါန်းပေးခဲ့ရာ မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူအောင် နှင့် မိုင်း ငေါ့ တိုက်နယ်ဆရာဝန် ဒေါက်တာသီဟစိုးတို့မှ လက်ခံရယူခဲ့ကြောင်းသိရသည်။

မလှိုင်မြို့နယ်၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်

၂ဝ၂ဝပြည့်နှစ် ၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် သက်ဆိုင်ရာလွှတ်တော်အလိုက် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိ / မရှိ စစ်ဆေးပြီး ထုတ်ပိုးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မလှိုင်မြို့ ၊ မြို့မရဲစခန်း ဝင်းအတွင်းရှိ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည် ။
Subscribe to