အုတ်တွင်း အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ရွေး ကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၁၀း၃၀)နာရီ အချိန်ကစျေးရပ်ကွက် အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆင့်ပွားသင်တန်းတွင်မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်မဲရုံအဖွဲ့ဝင်များ၏အခန်းကဏ္ဍ၊ တာဝန် ဝတ္တရား၊ မဲရုံသုံးပုံစံများ ရေတွက်ခြင်း၊ မဲရုံပိတ်သိမ်းခြင်းနှင့် ရေတွက်ခြင်း၊ မဲရုံပိတ်ရန်ကြိုတင်ပြင် ဆင်ခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့် အညီဆောင်ရွက် ရန်မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးကအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
စျေးရပ်ကွက်တွင် ဆန္ဒမဲပေးနိုင်သူ(၁၅၂၄)ဦးရှိပြီးမဲရုံ(၁)ရုံရှိကာ မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့်အဖွဲ့ဝင် (၁၇)ဦးဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စျေးရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ထံမှသိရသည်။
ခင်မာ(ပြန်/ဆက်)