ရှားတော အေက်တိုဘာ ၂၇
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် မွန်လွဲ(၂:၃၀)နာရီအချိန်က မြို့နယ် စုပေါင်း ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချိုက အစည်းအဝေး ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်လာမည့် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကလေး သူငယ် အခွင့်အရေးများနေ့ အကြိုလုပ်ရှားမှုအဖြစ် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက အကြိုလှုပ်ရှားမှုဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် နှင့် လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချိုတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)