သာကေတ အောက်တိုဘာ ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိသံဃာတော်များ၊ သီလရှင်များ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလတွင်ဆွမ်းအခက်အခဲမရှိစေရန် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်ငွေများ စုပေါင်းကာ We Love Thakayta မှဦးဆောင်စီစဉ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီတွင် ဘုန်းကြီး ကျောင်း၊ ပရိယတ္တိစာသင်တိုက်၊ သီလရှင်စာသင်တိုက်များသို့ ကျောင်းများအလိုက် ထပ်ဆင့်လှူဒါန်းပေးခဲ့သည်။
We Love Thakayta အဖွဲ့မှ သာကေတမြို့နယ်အတွင်းရှိ (၁၀)တောင်ရပ်ကွက်၊ (၁၀)မြောက်ရပ်ကွက်၊ (၇)အနောက်ရပ်ကွက်များရှိဘုန်းတော်ကြီးကျောင်း(၃၅)ကျောင်း၊ ပရိယတ္တိစာသင်ကျောင်း(၃)ကျောင်း၊ သီလရှင် စာသင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၃၉)ကျောင်းရှိ သံဃာတော်များ၊စာသင်သားများ၊ သီလရှင်များ၊ ဆွမ်းအခက် အခဲမရှိစေရန်အတွက် တစ်ကျောင်းလျှင်ဆန်(၆)ပြည်အိတ်(၄)အိတ်၊ ဆီ(၅၀)ကျပ်သား(၃)ဘူး၊ ခေါက်ဆွဲခြောက်(၁)ဖာ၊ ကုလားပဲ(၁)ပြည်၊ ကော်ဖီမစ်ပါကင်(၁)ထုပ်၊ ငါးသေတ္တာ(၁၀)ဘူး၊ ငါးခြောက်ကြော် (၁)ထုပ်၊ အစာကြေဆေး(၁၂)ဘူး၊ အအေးဘူး(၂၄)ဘူးပါ(၁)ကဒ်၊ လက်ဖက်စသည့်လှူဖွယ်ပစ္စည်းအစုစုတို့ကို သံဃာတော်များ၊ သီလရှင်များထံသို့ ဆပ်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။
ကိုဘုန်း(ပြန်/ဆက်)