ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

 

တောင်ကြီး        အောက်တိုဘာ     ၂၈

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များတွင် အသုံးပြုရန်အတွက် အလှူငွေများ လာရောက်လှူဒါန်းခြင်းကို အောက်တိုဘာလ ၂၇ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်းမှ စဝ်စံထွန်း ဆေးရုံကြီး အတွက် အလှူငွေကျပ်(၁၀)သိန်းနှင့် ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ အလှူငွေ ကျပ်(၇၂၀၀၀၀/-)၊ HKK Construction, Pte.,Ltd မှ အလှူငွေ ကျပ်(၅)သိန်း အသီးသီး ပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)