တောင်ကြီး အောက်တိုဘာ ၂၈
တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး က ဦးဆောင်၍ တောင်ကြီးခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ တောင်ကြီး မြို့နယ် (COVID-19) ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီထံသို့ အလှူငွေလှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ ၌ ပြုလုပ်ခဲ့သည်။
ယင်းသို့ လှူဒါန်းရာတွင် တောင်ကြီးခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက် ဒါရိုက်တာ အဖွဲ့ဝင် ဦးဇော်မင်းဦးနှင့် တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်သောင်း တို့က လှူဒါန်းငွေ ကျပ်ငါးသိန်းတိတိ ကို ပေးအပ်လှူဒါန်းရာ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းထိုက် က လက်ခံရယူပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် တောင်ကြီးခရိုင်အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက် က တောင်ကြီးခရိုင်အစိုးရ ဝန်ထမ်း ပေါင်းစုံ သမဝါယမအသင်းလီမိတက် စဝ်စံထွန်းဆေးရုံကြီး သို့လည်း ငွေကျပ်ငါးသိန်းတိတိ လှူဒါန်း ပေးခဲ့ ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)