မိုးနဲမြို့၌ မဲရုံအလိုက် မဲရုံသုံးပစ္စည်းများမဲရုံတည်ရှိရာ‌နေရာအရောက်ပို့ဆောင်ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မဲရုံတည်ရှိရာနေရာများအရောက် ပို့ဆောင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် အထူးရဲသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲ ပေးမည့် မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူး ရဲသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ကျေးသီးမြို့နယ် အခြေခံ ပညာ အထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မဲရုံလုံခြုံရေးအထူးရဲ(၃၂)ဦးသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ​ထွေရွေးကောက်ပွဲကျင်းပစဉ် မဲရုံလုံခြုံရေးဆောင်ရွက်နိုင်ရန်အတွက် ခန့်အပ်ထားသော အထူးရဲ(၃၂)ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ သင်တန်းပို့ချခဲ့ရာ ယခုသင်တန်းပို့ချမှု ပြီးဆုံးသောကြောင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက နမ့်ယွန်းခန်းမ၌ ကျင်းပခဲ့သည်။

မြဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြိုတင်မဲလက်မှတ်များထုတ်ပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မြဝတီမြို့နယ်အတွင်းရှိ မဲရုံများတွင် အသုံးပြုမည့် ကြိုတင်မဲလက်မှတ်များကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ထုတ်ပေးခဲ့သည်။

လက်ရှိ နှမ်းသည် တရုတ်နိုင်ငံမှ ဝယ်ယူမှုအများဆုံး ဖြစ်နေ

လက်ရှိ နှမ်းသည် တရုတ်နိုက်ငံမှ ဝယ်ယူမှုအများဆုံး ဖြစ်နေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။

မိုင်းရှူးမြို့၌ ၂၀၂၀ပြည့်နှစ်၊အထွေ ထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲ သင်တန်းဆင်းပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင် ခရိုင်၊ မိုင်းရှူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲ ဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက်၇နာရီအချိန်ခန့်က မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

တွန်းဇံမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်မည့် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်မည့် အထူးရဲများ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၇)နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရာသီဥတုကြောင့် ငရုတ်သီးများ အထွက်နှုန်းလျော့နည်း

မိုးဦးမကောင်းတဲ့အတွက် ငရုတ်သီးများ အထွက်နှုန်း သိသိသာသာလျော့နည်းနေတယ်လို့ ကျောက်ဆည် မြို့နယ် ငရုတ်သီးစိုက်တောင်သူများထံမှ သိရသည်။
Subscribe to