လောင်းလုံးမြို့နယ်တွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို သြဂုတ် ၅ ရက်နေ့မှ ၆ရက်နေ့ အထိလောင်းလုံးမြို့နယ်၊ပန်းတင်အင်း ကျေးရွာအုပ်စုတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။