ကျောက်ပန်းတောင်းမြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသူ (၅၈) ဦးအား swab နမူနာယူစစ်ဆေးရာမှ (၄) ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်းသိရ

ကျောက်ပန်းတောင်း၊  အောက်တိုဘာ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသည့်  နေရပ်ပြန် (၅၈) ဦးတို့ကို ယမန်နေ့နံနက်ပိုင်းက တို့ဖတ်နမူနာ (swab) ယူ၍ စစ်ဆေးခဲ့ရာ၊ (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ကျောက်ပန်းတောင်းမြို့နယ်သို့ နေရပ်ပြန်ရောက်ရှိလာပြီး၊ သက်ဆိုင်ရာ Quarantine Centre များတွင်ဝင်ရောက်နေသူ (၅၈) ဦးအား swab နမူနာယူစစ်ဆေးခဲ့ရာ၊ ကျောက်ပန်းတောင်းမြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI) တွင် Facility Quarantine ဝင်ရောက်နေသူများဖြစ်သည့် ဆယ့်နှစ် ရာသီပင်ကျေးရွာမှအမျိုးသမီး(၁)ဦး၊ အင်ပင်ကြီးကျေးရွာမှအမျိုးသမီး(၁)ဦး၊ လဲဂွကျေးရွာမှ အမျိုးသား(၁)ဦးနှင့် ချောင်းခြားကျေးရွာမှ အမျိးသမီး(၁)ဦး ပေါင်း(၄) ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်းသိရပြီး၊ အဆိုပါ ပိုးတွေ့လူနာ(၄)ဦးကို မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်သို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျှက်ရှိပြီး၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို စုံစမ်းဖော်ထုတ်၍ သီးသန့်စောင့်ကြည့်ထားရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)