လှိုင်မြို့နယ်ရှိအိမ်ထောင်စု( ၂၅၀)စု အတွက်အခြေခံစားသောက်ကုန်များ We Love Hlaing မှလှူဒါန်း

လှိုင်      အောက်တိုဘာ     ၂၇ 

ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်စဉ် ကာလအတွင်း ပြည်သူများစားဝတ် နေရေး အစဉ်ပြေစေရေး အတွက် We Love Hlaing ပရဟိတအဖွဲ့ သည်အနယ်နယ်အရပ်ရပ်မှ လှူဒါန်းပေးလျက်ရှိသော အလှူရှင်များ ကိုယ်စားရပ်ကွက်များရှိ အ​ခြေခံလူတန်း စားများ၊ သက်ကြီးရွယ်အိုများ၊မ သန်စွမ်းများအိမ်ထောင်စု(၂၅၀)စုအ တွက် အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းကသွား ရောက်လှူဒါန်းခဲ့သည်။

ထိုကဲ့သို့လှူဒါန်းရာတွင်လှိုင် မြို့နယ်အမှတ်()ရပ်ကွက်မှ(၂၆ဦး၊အမှတ်() ရပ်ကွက်မှ(၅၁)ဦး၊ အမှတ်()ရပ်ကွက်မှ(၁၅)ဦး၊အ မှတ်() ရပ်ကွက်မှ(၂၈) ဦး၊အမှတ် (၁၀)ရပ်ကွက်မှ(၁၂)ဦး၊ အမှတ်(၁၁) ရပ်ကွက်မှ(၁၀)ဦး ၊အမှတ်(၁၂) ရပ် ကွက်မှ(၂၂)ဦး၊အမှတ်(၁၃)ရပ်ကွက်မှ(၆၀)ဦး၊ အမှတ်(၁၅)ရပ်ကွက် မှ (၁၀) ဦး၊အမှတ်(၁၆)ရပ်ကွက်မှ () ဦး နှင့်စည်ပင်သန့်ရှင်း​ရေးဝန်ထမ်း (၁၅)ဦးစုစု​ပေါင်း(၂၅၀) ဦးတို့အ တွက်အခြေခံစားသောက်ကုန်များအားလှူဒါန်းခဲ့ကြပါသည်။          

အဆိုပါလှူဒါန်းမှူများမှာအိမ် ထောင်စု(၂၅၀)စုအတွက်တစ်အိမ် ထောင်လျှင်ဆန်(၆)ပြည်အိတ်(၂) အိတ်၊​စုစုပေါင်း(၁၂) ပြည်၊ ဆီ(၅၀) သား(၁)ဗူး၊ ခေါက်ဆွဲခြောက်အ ထုတ်(၃၀)ပါ()ပါကင်၊ ငါးသေတ္တာ (၅)ဗူး၊ Royal D(၂) ဗူးတို့အား We Love Hlaing ပရဟိတအဖွဲ့ မှသက် ဆိုင်ရာရပ်ကွက်အုပ်ချုပ်​ရေးမှူးများ နှင့်အတူအိမ်တိုင်ရာရောက်သွား ရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။

ကြည်​​ဇေ​သော်(ပြန်/ဆက်)