ထားဝယ် အောက်တိုဘာ ၂၈
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထားဝယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္က၊ အဖွဲ့ဝင်များ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ ထားဝယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပသည်။
အစည်းအဝေးတွင် ထားဝယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဦးထွန်းကြည်က ရွေးကောက်ပွဲဆိုင်ရာကိုယ်စားလှယ်များက ကျင့်ဝတ်နှင့်အညီပြောဆိုနေထိုင်လုပ်ကိုင်ဆောင်ရွက်စေခြင်းအားဖြင့် ငြိမ်းချမ်းအောင်မြင်စွာပြီး မြောက်မှာဖြစ် ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းနှင့်တာဝန်များအကြောင်း၊ တက်ရောက်လာသော ကော်မတီဝင်များနှင့်နိုင်ငံရေးပါတီများက စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ဒီမိုကရေစီစနစ်ခိုင်မာအောင် ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်သွားကြရန် လိုကြောင်းပြောကြားသည်၊
ထိုနောက် ထားဝယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဦးသက်ထူးတင်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကော်မတီဝင်များ နှင့် နိုင်ငံရေးပါတီများ က သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)