မင်းတုန်း အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ယမန်နေ့ည ၈ နာရီခန့်က မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ပုသိမ်-မုံရွာ အဝေးပြေးလမ်း တစ်လျှောက်တွင် သစ်ပင်လဲကျ သဖြင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ခင်ဇော်အောင်နှင့် ဝန်ထမ်းများက ဆက်သွယ်မှုလမ်းကြောင်းပြတ်တောက်မှု မရှိစေရန် ညတွင်းချင်း ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုသိမ်-မုံရွာ အဝေးပြေးလမ်းတစ်လျောက်ရှိ တောင်ဖီလာကျေးရွာ၊ ဥယျာဉ်ပု ကျေးရွာ၊ ငလှိုင်စမ်းကျေးရွာ ကိုင်းငယ်လမ်းပေါက်နှင့် မဲဇလီကျေးရွာတို့တွင် လမ်းမပေါ်သို့ လဲကျနေသော သစ်ပင်များအားရှင်းလင်း ဖယ်ရှားဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ခင်ဇော်အောင် ထံမှသိရှိရသည်။
ချင်းကလေး(NRDC)