ကလိန်အောင် အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့အုပ်ချုပ်ရေးမှူးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က မိမိအစီအစဉ်ဖြင့် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်(၆)ပြည့်အိတ်တစ်အိတ်၊ ဆီ(၁)ဘူးနှင့် ကြက်ဥ (၁၀)လုံးကို ဝန်ထမ်း(၁၅)ဦးအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)