ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံတွင် ရန်ကုန်မှပြန်လာ၍ အသွားအလာ ကန့်သတ်ထားသူ တစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

 

ကျိုင်းတုံ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့  ရန်ကုန်မြို့မှ ဆေးကုသမှုခံယူကာ ပြန်လည်ရောက်ရှိလာသော လူနာနှင့် လူနာစောင့် (၂)ဦးကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ကာ ကျိုင်းတုံမြို့ ပညာရေးကောလိပ်တွင်  အသွားအလာ ကန့်သတ် ထားရှိ ဆောင်ရွက် ခဲ့ပါသည်။

အဆိုပါ အသွားအလာ ကန့်သတ်ထားသူ (၃)ဦးအနက် အသက်(၂၆) နှစ် အရွယ်ရှိ အမျိုးသမီး လူနာစောင့်မှာ  အနံ့မရရှိခြင်းကြောင့် ရှမ်းပြည်နယ် တောင်ကြီးသို့ နှာခေါင်းတို့ဖတ် ပေးပို့စစ်ဆေးခဲ့ရာ  Covid 19 ရောဂါ ကူးစက်ခံရကြောင်း ကျိုင်းတုံမြို့နယ်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီထံမှ သိရှိရ ပါသည်။ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသော အမျိုးသမီးအား ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက် ကုသပေးသွားမည် ဖြစ်ပါကြောင်း သိရှိရပါသည်။         

ငုချိုချိုကျော် (ပြန်/ဆက်)