ရေဖြူမြို့နယ် ကံပေါက်ရှိ Facility Quarantine Centre အတွက် အလှူငွေနှင့် စားသောက်ဖွယ်များလှူဒါန်း

ရေဖြူ အောက်တိုဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသွားအလာစောင့်ကြည့်ရေးစခန်းအတွက် ယမန်နေ့ နံနက်ပိုင်းတွင် အလှူရှင်များက အလှူငွေနှင့် စားသောက် ဖွယ်များလာရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်ဖြူဖြူဖွေး ထရေးဒင်းကုမ္ပဏီလီမိတက် (ထားဝယ်မြို့)မိသားစုက အလှူငွေ (၃)သိန်းကျပ်၊ ဦးမောင်ဦး-ဒေါ်မြဆန်း(သီရိမင်္ဂလာရပ်ကွက်)က ငါးသောင်းကျပ်၊ ကို‌ကျော်စွာနှင့် မချိုဆက် (မဂ္ဂင်ရပ်ကွက်) က ငါးသောင်းကျပ်၊ မော်လမြိုင်- ကံပေါက်ကုန်စည်ပို့ဆောင်ရေး ယာဉ်အဖွဲ့အ(၁)သိန်းကျပ်၊ နှင့် ကံပေါက် CB Bank ဝန်ထမ်းများက နေ့လယ်စာ ကြေးအိုးတို့လှူဒါန်းခဲ့ရာ ကံပေါက်ရွာ ကိုဗစ်-၁၉တားဆီး ကာကွယ်ရေး လူထုအခြေပြု ကော်မတီက တာဝန်ရှိသူများလက်ခံရယူခဲ့ကြောင်းသိရသည်။

ရေဖြူမြို့နယ် ကံပေါက်ရွာ အသွားအလာစောင့်ကြည့်ရေးစင်တာကို စာရာသိင်္ခီဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ဦးလှအောင်ခြံရှိ အဆောက်အအုံနှစ်ခုတွင် ဖွင့်လှစ်ထားရှိရာ ကံပေါက်ရှိ ရဲတံခွန်၊ ရတနာ ၊ဇောတိက သဘာဝ ဓာတ်ငွေ့ကုမ္ပဏီများက အများဆုံး ကူညီထောက်ပံ့ပေးလျက်ရှိပြီး လက်ရှိ နိုင်ငံခြားပြန် (၄၅))ဦးနှင့် ပြည်တွင်း မှပြန်‌‌ရောက်လာသူ(၃)ဦး ကို ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကာ စေတနာရှင် အလှူရှင်များကနေ့စဉ် အလှူငွေ၊ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့်စာသောက်စရာများကို‌ လာရောက်လှူဒါန်းလျက်ရှိကြောင်း ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်စိုးထံမှ သိရသည်။

ဖြူဖြူရှိန် (ရေဖြူပြန်/ဆက်)