ရေဖြူ အောက်တိုဘာ ၂၈
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမြင့်မားနေသည့်အတွက် လူတိုင်းအပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင် သွားလာရေး အသိပညာပေးခြင်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကျောက်တိုင်လမ်းနှင့် ဆေးရုံလမ်းဆုံ၊ ရေဖြူတံတားထိပ်နှင့် ရေး-ထားဝယ် လမ်းဆုံတို့တွင် ရေဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးခြင်းကို လမ်းလျှောက်လာသူ ၊စက်ဘီးစီးသူ၊ ဆိုင်ကယ်၊ ကားဖြင့် နှာခေါင်းစည်းMask မတပ်ဆင်ဘဲ သွားလာနေသူများအား ခုဝယ် ခုတပ် ၂၀၀ ကျပ်ဖြင့် ဒဏ်ရိုက်ခြင်းဆောင်ရွက်ကြောင်းသိရသည် ။
အဆိုပါအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် Mask တပ်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ သံသယလက္ခဏာများဖြစ်ပေါ်လာပါက ဆေးရုံသို့ အမြန်ပြသရန်နှိုးဆော်ပေးခဲ့ပြီး ရေဖြူ မြို့နယ်တွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အပတ်စဉ် အင်္ဂါနေ့တိုင်း Mask Campaign လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖြူဖြူရှိန် (ပြန်/ဆက်)