ပေါက်ခေါင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံသုံးပစ္စည်း များစတင်ထုတ်ပေး
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုနိုင်ရန်အတွက် မဲပုံးများနှင့်မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့ က စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။