ရေဖြူ အောက်တိုတာ ၂၈
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ မဲရုံများတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်း (၃၂)မျိုးကို ရေဖြူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယမန်နေ့ နံနက်ပိုင်းကစ၍ ကားဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။
ထိုသို့ မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံး၊ မဲလက်မှတ်၊ ရွေးကောက်ပွဲနှင့်ပတ်သက်သော အသိပညာပေး လက်ကမ်း စာစောင်များ ၊မဲပေးပုံအဆင့်ဆင့်ဗီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်းစည်းကမ်းစာအုပ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက် /ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများထံ ထုတ်ပေးခဲ့ပြီး ကျန်ရက်များတွင်လည်း မဲရုံသုံးပစ္စည်းများ ဆက်လက်ထုတ်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ရေဖြူမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၄၂)ခု ရှိပြီး မဲရုံပေါင်း (၁၁၄)ရုံရှိကာ မဲဆန္ဒရှင်ပေါင်း (၁၁၀၈၉၄)ဦးရှိကြောင်း သိရသည်။
ဖြူဖြူရှိန် (မြို့နယ်ပြန်/ဆက်)