မိုင်းငေါ့ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်(Mask)နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာ ကြရန် အတွက် ယမန်နေ့က မိုင်းငေါ့မြို့ အဝင် စစ်ဆေးရေး ဂိတ်သို့ ပြည်သူ့ လွှတ်တော် ကိုယ်စာလှယ် ဦးစိုင်းထွန်းအောင်မှ ကျန်းမာရေးသုံးပစ္စည်းများ ဖြစ်သော(Mask) နှာခေါင်းစည်း(၂)ဗူး၊ အဝတ်စ နှာခေါင်းစည်း(Mask)အခု(၈၀)၊ Hald Gel 250ml(၁၀၀)ဗူး ၊အမွှေးခဲ ဆပ်ပြာ(၁၀၀ )ခဲတို့ ကို လှူဒါန်းပေးခဲ့ရာ မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူအောင် နှင့် မိုင်း ငေါ့ တိုက်နယ်ဆရာဝန် ဒေါက်တာသီဟစိုးတို့မှ လက်ခံရယူခဲ့ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းသော ကျန်းမာရေးသုံး ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ၊နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း (Mask) နှာခေါင်း စည်းများကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုစနစ်တကျဆေးကြရန် အတွက် ယခုလို လှူဒါန်းပေး ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)