မိုင်းဖြတ် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲရုံလုံခြုံရေးအဖြစ် ပါဝင်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီအချိန်ခန့်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်က သင်တန်းဆင်းပွဲအမှာစကားပြော ကြားရာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ၈ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ သည် အထူး ရဲများ၏ အခန်းကဏ္ဍသည် များစွာအရေးပါလှကြောင်း၊ ဒါကြောင့် အထူးအလေးထား ရန်လိုအပ် ပါကြောင်း၊ သင်တန်းဖွင့်ပွဲမှစ၍ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်သည်အထိ အဘက် ဘက် မှ ဝိုင်းဝန်ကြီးကြပ်ပေးခဲ့ကြတဲ့ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် စပ်လျဉ်း၍ အမှာ စကားပြောကြားခဲ့သည်။
ယင်းနောက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထွန်းမြင့်နှင့် တာဝန် ရှိသူများက ဆုရရှိသည့်သင်တန်းသား ၄ဦးနှင့် သင်တန်းကြီးကြပ်သူ၊ နည်းပြဆရာ များကို ဂုဏ်ပြု မှတ်တမ်း လွှာများ အသီသီးပေးအပ် ချီးမြှင့်ခဲ့သည် ။ အဆိုပါသင်တန်းကို အောက်တိုဘာလ ၁ရက်နေ့မှ ၂၈ ရက်နေ့ အထိ ၄ ပတ်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်း သို့ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် အတွင်းရှိ မဲရုံပေါင်း၃၉ရုံ၌ပါဝင် ထမ်းဆောင်ကြမည့် အထူးရဲ၄၁ဦး တက်ရောက် ကြောင်းသိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)