လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (မူကြမ်း) ရှင်းလင်းပွဲပြုလုပ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြိုနယ်အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ လူငယ်ရေးရာ မူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်( မူကြမ်း) ရှင်းလင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။

မောက်မယ်မြို့နယ် လွိုင်ဆမ်ဆစ်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေကျပ်သိန်း (၃၀၀) ထုတ်ချေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အား COVID-19 ကာလအတွင်း ပြည်သူများ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ကို မောက်မယ်မြို့နယ် ၊ ပန်းတန်ကျေးရွာအုပ်စု ၊ လွိုင်ဆမ်ဆစ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေသခံပြည်သူ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်ရေ စိုးရိမ်ရေအမှတ်အထက် တစ်ပေခန့်ကျော်လွန်ရောက်ရှိ၊ ရေကာတာ ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်းစောင့်ကြပ် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ရေသည် မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၁၁၈၂) စင်တီမီတာ စိုးရိမ်ရေအမှတ်အထက် (၂၂)စင်တီမီတာ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ငဝန်ရေကာတာရေအမှတ် (၂၉) ပေ၊ ရေကာတာစိုးရိမ်ရေအမှတ်အထက် (၁)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိကြောင်း သိရသည်။

နန်းယွန်းမြို့နယ်၊ ဟာဝါးကျေးရွာတွင် Cash For Work စီမံကိန်းလုပ်ငန်း(၄)ခုအနက် တတိယမြောက်လုပ်ငန်းဖြစ်သည့် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဟာဝါးကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာ(၁၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များ၊ သိမှတ်ဖွယ်ရာများကို ပြည်သူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သောလက်ကမ်းများ၊ ပိုစတာများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ပင်လုံမြို့ မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်ဝန်းအတွင်း၌ ပျံကျဈေးသည်များအား ယာယီဈေးရောင်းချခွင့်ပေး

လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် လွိုင်လင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဟင်းသီးဟင်းရွက်များ စနစ်တကျရောင်းချဝယ်ယူနိုင်ရေးအတွက် ပင်လုံမြို့ မဟာရဋ္ဌာဘိသာမဂ္ဂီ စေတီတော်ဝန်း အတွင်း၌ ယမန်နေ့ ညနေပိုင်းမှစ၍ ယာယီပျံကျဈေး သတ်မှတ်၍ စနစ်တကျ ရောင်းချခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ကော့မှူး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြဝတီလမ်းရှိ 500KVA TR ချို့ယွင်းသွား၍ YESC မှ မီးစက်ဖြင့် ပုံမှန်ဓာတ်အားပေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြဝတီလမ်းရှိ 500KVA TR ချို့ယွင်းသွား၍ လျှပ်စစ်မီးရရှိရေး၊ အချိန်မီပြီးစီးနိုင်ရေးအတွက် YESC မှ မီးစက်ဖြင့် ပုံမှန်ဓါတ်အားပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေး လျက်ရှိသည်။

သာစည်မြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် အရဆောင်ရွက်သွားမည့် Cash for Work စီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများကို စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများထံ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်း သိရသည်။
Subscribe to