ဂန့်ဂေါခရိုင် ဆောမြို့နယ် သိန်းကျင်းကျေးရွာတွင် (၂၄)နာရီ လျှပ်စစ်မီးရရှိ

ဆော အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သိန်းကျင်း ကျေးရွာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ သိန်းကျင်းကျေးရွာတွင် အောက်တိုဘာ ၂၇ ရက်နေ့က (၂၄)နာရီ မီးလင်းပြီဖြစ်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ဆောမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာ(၁၅)ရွာအနက်မှ ကျေးရွာ(၁၃)ရွာတွင် လျှပ်စစ်မီး ရရှိနေပြီဖြစ်ပြီး ကျန်ရှိ နေ သောကျေးရွာ(၂)ရွာအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်း လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဇော်ဝင်းထံမှ သိရသည်။

ဇော်မျိုးသန့်(ဆော)