စစ်ကိုင်းခရိုင် မြင်းမှုမြို့နယ်တွင် ထင်းအစားထိုးလောင်စာသုံး ထူးချွန်စံပြ(ဒုတိယဆု)ရရှိကျေးရွာအား ဂုဏ်ပြုလွှာ ပေးအပ်

မြင်းမူအောက်တိုဘာ ၂၈

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ထင်းအစားထိုးအခြားလောင်စာသုံးထူးချွန်စံပြကျေးရွာ(ဒုတိယ)ဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရှိ ကံသုံးဆင့်ကျေးရွာအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို အောက်တိုဘာလ(၂၇)ရက်နေ့က ယင်းကျေးရွာရှိဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ အပူပိုင်းဒေသစိမ်းလမ်းစိုပြေရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုးဦးဘလွင်ဦးက ၂၀၁၉-၂၀၂၀ ခုနှစ်ဘဏ္ဍာ နှစ်အတွင်း ပါတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအထောက်အကူပြု ထင်းအစားထိုးအခြားလောင်စာ သုံးစွဲမှုကျေးရွာ များကို သတ်မှတ်စည်ကမ်းချက်များနှင့်အညီရွေးချယ်သတ်မှတ်ခြင်းလုပ်ငန်းများနှင့်ပါတ်သက်၍ အဖွင့်အမှာစကား ပြောကြား သည်။

ယင်းနောက်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့်က စံပြထူးချွန်ဆုလက်မှတ် အား သက်ဆိုင်ရာတာဝန်ရှိသူအားပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးတင်အောင်လွင်နှင့် အပူပိုင်း ဒေသစိမ်းလမ်းစိုပြေရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှုးတို့က စွမ်းအားမြှင့်မီးဖို(၁၉၈)လုံးကို ကျေးရွာ အိမ်ထောင်စု များအားပေးအပ်ရာ အိမ်ထောင်စုများကိုယ်စားရပ်မိရပ်ဖများကလက်ခံရရယူခဲ့ကြောင်းသိရသည်။

ထို့နောက် စစ်ကိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းစိန် စံပြထူးချွန်ဆု ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြသည့် ကျေးရွာပြည်သူများအားဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)