မဲရုံပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှု

 

လားရှိုး အောက်တိုဘာ ၂၈

လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့  ညနေ(၄)နာရီခွဲ အချိန်က လားရှိုးမြို့၊လမ်းမတော်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ အလက(၅) အခြေခံပညာ အထက်တန်း ကျောင်းခွဲရှိ  စံပြမဲရုံဆောင်ရွက် ထားရှိမှုများအား ကြည့်ရှုခဲ့ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးစိုင်းဇော်မင်း၊ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးနှင့် မဲရုံတာဝန်ရှိသူများက ကိုဗစ်(၁၉) ကာကွယ်ရေး လမ်းညွှန် ချက်များ အတိုင်း မဲရုံအတွက်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ရှင်းပြခဲ့ပြီးနောက် လားရှိုးမြို့နယ် စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးအာကာလင်းက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါမဲရုံ၌ မသန်စွမ်းသူများလာရောက်မဲပေးနိုင်ရေးအတွက်အဆင်ပြေစေရေး ဝှီးလ်ချဲလမ်းကိုလည်း ဆောင်ရွက် ပေးထားကြောင်းသိရှိပြီး အသက်(၆၀)နှင်အထက် ဆန္ဒမဲပေးမည့်သူ(၁၀၀)ဦးခန့်ရှိကြောင်း ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲထံမှသိရှိရသည်။

ဟန်ဌေး(လားရှိုး)