လဲချားတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လဲချား အောက်တိုဘာ  ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် နာရီတွင် အမှတ်() အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းအခမ်းအနားတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးနိုင်မှ သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးသန်းနိုင်မှ သင်တန်းသားများအား ဆွေးနွေး ပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက်  မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ (၃၆)ဦးအား သင်တန်း ပို့ချပေးခြင်းဖြစ်သည်။

အဆိုပါ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ(၃၆)ဦးကို အောက်တိုဘာ ()ရက်နေ့မှ စတင်ကာ အောက်တိုဘာ(၂၈)ရက်နေ့အထိ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)