မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၀) ဦး ထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ်အတွင်းရှိ CBFQများတွင်ထားရှိသည့် ရန်ကုန်မှ ပြန်လာ သူ(၆၁) ဦးအား (၂၅ - ၁၀ -၂၀၂၀ )ရက်နေ့က နှာခေါင်းနှင့် အာခေါင်တို့ဖတ်ရယူ၍ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီးသို့ ပေးပို့စစ် ဆေးခဲ့ရာ(၁၀)ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရ သည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရော ဂါအတည်ပြုလူနာ(၃)ဦးထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၃)ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မဲလက်မှတ်များနှင့်ဆက်စပ်ပစ္စည်းများထုတ်ပေး

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက ရေစီ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များ၊မဲပုံးများနှင့် ဆက်စပ် ပစ္စည်းများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကလေးသူငယ်များနှင့် အွန်လိုင်းအသုံးပြုသူများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) ICB-IV/ DRD-2 ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် NEP(National Electrical project) အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း ICB-IV/ DRD-2 ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာ မီးလင်းရေး လုပ်ငန်း များအား ယမန်နေ့ နံနက်ပိုင်းက ယန်းကျိန်အုပ်စုရှိ ကျေးရွာများသို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်းဆင်းပွဲကျင်းပ

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ လုံခြုံရေး တာဝန်ပေးအပ်နိုင်ရေးအတွက် ရွှေတောင်မြို့နယ်၌ အထူးရဲသင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က ကြာနီကန်ကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အလုံမြို့နယ်၌ ပြည်တွင်းကြိုတင် ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများနှင့် ချိတ် ပိတ်ခြင်းနှင့် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းကြိုတင်မဲများ ကြိုတင်မဲပုံးထဲသို့ ထည့်ခြင်း ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံ  ဒီမိုကရေစီ    အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ (ဆင့်ပွား)သင်တန်း ဆက်လက် ပို့ချ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်  တာဝန် ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ အား

မောက်မယ်မြို့နယ်၌ ခြံစိုက်တောင်သူများအသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စဉ့်ဆိုင်ကျေးရွာအုပ်စု ၊ နားသဲကျေးရွာ ရှိ ပဲတီစိမ်းခြံသို့ ယမန်နေ့ နေ့လယ် ၂ နာရီက သွားရောက်၍ တောင်သူများအား ပဲမျိုးစုံသီးနှံ များတွင်(ဘိုရွန်)လက်ချား + ယူရီးယားသုံးစွဲခြင်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံအသီးသီး၌ မဲရုံလုံခြုံရေးအတွက့် အထူးရဲများတာဝန်ပေး နိုင်ရန် အထူးရဲသင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to