သံတောင်ကြီး၊ အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမျိုးသမီး နှင့် ငြိမ်းချမ်းရေးအသိပညာပေး Talk Show ကို PAUNG SIE FACILITY (PSF) ၏ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်သံတောင်ကြီးအမျိုးသမီးများအဖွဲ့တို့ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် အမျိုးသမီးနှင့် ငြိမ်းချမ်းရေးကဏ္ဍမှာ ပါဝင်နိုင်မှု၊ အမျိူးသမီးများနှင့် နည်းမျိုးစုံခွဲခြားဆက်ဆံရေးပပျောက်ပြီး ငြိမ်းချမ်းရေးကဏ္ဍမှာ ပါဝင်နိုင်မှု ၊ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းရေးကဏ္ဍမှပါဝင်နိုင်မှုစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး Talk Show ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးနေသွေး နှင့် ဒုတိယဦးစီးမှူး ဦးဝေလင်းဖြိုး၊ သံတောင်ကြီးမြို့မစခန်းမှူး ဒုတိယရဲမှူးတင်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နော်လော်မူ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်း၊ သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်နော်မာမာချိုတို့က ပါဝင်ဆွေးနွေးခဲ့ပြီး အပိုင်း (၃) ပိုင်းဖြင့် IPRD Thandaung Gyi Page ထုတ်လွှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်