ကွမ်းလုံ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲ သင်တန်း ဆင်းပွဲကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းသန်းစောက မဲရုံလုံခြုံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် လိုက်နာ ရမည့် စည်းကမ်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို အောက်တိုဘာ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၅၈)ဦးအား သင်တန်းကာလ(၂၈)ရက်ဖြင့် စာတွေ့လက်တွေ့ သင်ကြားပိုချ့ခဲ့ကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)