မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုနိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းရှင်းလင်းဆွေးနွေး
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုနိုင်ရေးကို ဥယျာဉ်ရပ်ကွက်ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ရပ်ကွက်နေပြည်သူများအား ရှင်းလင်းဆွေးနွေပေးခဲ့ကြောင်း သိရသည်။