ဟိုပင်၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ယမန်နေ့ နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ကာလအတွင်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ဆိုင်ထိုင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။