ဒဂုံ(အရှေ့) အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏လမ်း ညွှန်မှုဖြင့်လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက် ကုန်များအား ရပ်ကွက်များအတွင်း ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်း ကစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ကျန်းစစ်သားအိမ်ရာလေးထပ် ဆောင်မုဒ်ဝ၊ ပဒေသာလမ်းစုံ၊ ၇/၈ လမ်းစုံတို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏လမ်း ညွှန်မှု အရမြို့နယ် အတွင်းနေပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေး၊ မိမိတို့နေအိမ်မှကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူခြင်းမပြုရသည့် အတွက် ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက် ကုန်များ အားဝယ် ယူရရှိနိုင်ရေးတို့ကိုရည်ရွယ်ပြီး ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့မှကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)