လိပ်သို အောက်တိုဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း တွင် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောကားရှယ်နှင့် အဖွဲ့၀င်များက အမှတ်(၂) မဲဆန္ဒနယ် လိပ်သိုဒေသအတွင်းရှိ မဲရုံများအတွက် မဲရုံသုံး ပစ္စည်းများဖြစ်သည့် မဲပုံးများ၊ ဆာလာအိတ်၊ ဗီနိုင်း၊ ဆန ္ဒပြုခန်းများနှင့် အခြားမဲရုံသုံးပစ္စည်းများ စုစုပေါင်း (၃၄) မျိုးတို့ကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများထံ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရပါသည်။
အမှတ် (၂) မဲဆန္ဒနယ် လိပ်သိုဒေသရှိ ရပ်ကွက် ကျေးရွာ အုပ်စု (၃၇) အုပ်စုတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၃၀၅၄၅) ဦး ရှိပြီး မဲရုံပေါင်း (၄၇) ရုံ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)