ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစခန်း(လှည်းကူး)တည်ဆောက်ပြီးစီး၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး အဝင်/အထွက် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာရှိ လုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေး စခန်း(လှည်းကူး) တည်ဆောက်ပြီးစီး၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်း ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါစစ်ဆေးရေးစခန်း၌ ကျင်းပခဲ့သည်။