မိုင်းရယ်၌ မဲရုံလုံခြုံရေးများဆောင်ရွက်ရန် အထူးရဲ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

မိုင်းရယ်   အောက်တိုဘာ ၂၈

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများ၏ သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ()နာရီကမိုင်းရယ်မြို့ ပြည်ထောင်စုခန်းမတွင် ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင်      မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး မိုင်းရယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ပီတာမြင့်သိန်းက သင်တန်းဆင်း အမှာစကား ပြောကြားကာ သင်တန်းသား များကို သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အောက်တိုဘာလ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၂၈)ကြာဖွင့်လှစ်ခဲ့ပြီးဖြစ်၍ မဲရုံဆိုင်ရာ လုံခြုံရေးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လိုက်နာရမည့် လုပ်ငန်း တာဝန်များ ပို့ချပေးခဲ့သည်။

မိုင်းရယ်မြို့နယ်အတွင်း မဲရုံ (၄၅)ရုံရှိပြီး တစ်ရုံလျှင် အထူးရဲတစ်ယောက်နှုန်းဖြင့် အထူး ရဲ (၄၅)ယောက်နှင့် အထူးရဲ(အရံ) ဦး စုစုပေါင်းအား (၄၇) ဦးအား သင်တန်း ပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်