လွိုင်ကော်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ အစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွိုင်ကော်မြို့နယ် အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက် ပိုင်းက လွိုင်ကော်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မင်းတုန်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးအေးမင်းထွန်းက အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက စီမံကိန်းကျေးရွာ ရွေးချယ်မှုနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား အခြေခံစားကုန်များထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်သည့်အခမ်းအနားကို သြဂုတ်လ ၇ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုအား ရက်တိုးမြှင့် သတ်မှတ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ၂၀၂၀-ပြည့်နှစ် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၇)ရက်နေ့ အထိ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် (၂)ပတ် ကြာ ကပ်ထားကြေညာပေးလျက်ရှိပါသည်။

မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေအမှတ် ၁၄၉၉ စင်တီမီတာအထိ ပြန်လည်ကျဆင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်သည် ရေအမှတ် ၁၄၉၉ စင်တီမီတာအထိ ပြန်လည်ကျဆင်းသွားကြောင်း မြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပင်လည်ဘူးမြို့၌ (Cash for Work)စီမံကိန်း‌ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် VDP စီမံကိန်းဖြင့်ဆောင်ရွက်သောလုပ်ငန်းပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်​ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (CERP) အစီအစဉ်အရ (Cash for Work) စီမံကိန်းလုပ်ငန်း တစ်ရွာ လျင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ကျေးရွာ (၆)တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်‌လျက်ရှိရာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်

ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် ရေလိုအပ်ချက်နည်းသည့် စပါးအစွမ်းဖွင့် စိုက်နည်းစနစ် (SRI) ကို လက်တွေ့အသုံးချစိုက်ပျိုးနိုင်ရေး သင်တန်းပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် ရေလိုအပ်ချက်နည်းသည့် စပါးအစွမ်းဖွင့်စိုက်နည်းစနစ် (SRI)ကို လက်တွေ့အသုံးချစိုက်ပျိုးနိုင်ရေး ယမန်နေ့ နံနက် (၉) နာရီက အဆိုပါ ကျေးရွာဘုန်းကြီးကျောင်းတွင် သင်တန်းပို့ချသည်။

တုံတာမြို့အခြေခံပညာအထက်တန်းကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စနစ်တကျလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် နောင်ကွဲအုပ်စု၊ ပန်တားလေ အထက်တန်းကျောင်းများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့် အညီ စနစ်တကျလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအခြေအနေများကို ကျောင်းကျန်းမာ ရေး တာဝန်ရှိသူများက ယနေ့နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ယင်းမာပင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ရုံးဖွင့်ပွဲအခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ခရိုင်ရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၉ နာရီခွဲ က ယင်းမာပင်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာဆောင်ရွက်ထားရှိမှုအား ပြည်သူများ ကြည့်ရှု့၍ အချက်အလက်မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား

ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာများအလိုက် ဇူလိုင်လ(၂၅) ရက်နေ့မှ သြဂုတ်လ(၇)ရက်နေ့အထိ မဲဆန္ဒရှင်အမည်စာရင်းများ ပထမအကြိမ်ကပ်ထားကြေငြာခြင်းကို ရပ်ကွက် ကျေးရွာအတွင်းရှိ ပြည်သူများက လာရောက်ကြည့်ရှုပြီး အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
Subscribe to