တောင်သာမြို့နယ်တွင် မဲရုံသုံးပစ္စည်းများထုတ်ပေး

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ထံသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ စတင်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်း ဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူး ရဲသင်တန်းများဖွင့်လှစ်ပို့ခြ ပေးလျက်ရှိရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အသင်္ခယာခန်းမ၌ ကျင်းပခဲ့သည်။

အင်္ဂပူမြို့တွင် အထူးရဲ(Special Police) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

အင်္ဂပူမြို့၊ မြို့တော်ခန်းမ၌ အထူးရဲ (Special Police)သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ရဲ့တပ်ဖွဲ့မှူးရဲမှူးရဲဝင်း၊ အင်္ဂပူမြို့မရဲစခန်းမှူးဒုရဲမှူး ကျော်စိုးဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁) နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်(၇)ခုတွင် ဂျုံသီးနှံဧက(၁၁၄၃၀၀)စိုက်ပျိုးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ဂျုံသီးနှံကို (၁၁၄၃၀၀)ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦး ၏ ပြောကြားချက်အရ သိရသည်။

အောင်‌မြေသာစံမြို့နယ်တွင် အထူးရဲသင်တန်းဆင်း

မန္တလေး၊ အောင်‌မြေသာစံမြို့နယ်တွင် အထူးရဲသင်တန်း (၁/၂၀၂၀) ဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဒေါနဘွားရပ်ကွက်၊ အကွက်(၅၄)၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြား၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ အမှတ်(၁၇) အခြေခံ ပညာအထက်တန်းကျောင်း၊ ချမ်းမြေ့မန္တလာခန်းမ၌ ကျင်းပရာ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်စက်ဝန်း အတွက် ချေးငွေများ ပြန်လည်ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ကသာ မြို့နယ်၊ အထက်ဝဲကြီးကျေးရွာအုပ်စု၊ ရွှေပြည်သစ်မြစိမ်းရောင် စီမံကိန်းကျေးရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွား ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်စက်ဝန်း အတွက် ချေးငွေများကို ယမန်နေ့က အဆိုပါ ကျေးရွာသို့ သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန် ရေးအတွက် ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

တောင်သာမြို့ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kits ဖြင့်စစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းမှ သင်တန်းသားများ၏ Swab နမူနာရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT Test Kits ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က တောင်သာ အ.ထ.က ကျောင်းခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to