ကျိုက်မ​ရောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်​စေ​ရေးပြင်ဆင်​လျှောက်ထား

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိရပ်ကွက်နှင့်​ ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅)ရက်​​​နေ့မှသြဂုတ်လ(၁၄)ထိရက်ထပ်တိုး၍​ ကြေညာ ပေးလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိ​စေရေးအတွက် ပြည်သူများလာ​ရောက်ကြည့်ရှု၍ ပြင်ဆင်ရန် ရှိသည့် အချက်အလက်များကို လာ​ရောက်ပြင်ဆင်​လျှောက်ထားလျက်ရှိ​ကြောင်း သိရသည်။

ဝက်လက်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဆန္ဒမဲ​ပေးခွင့်ရှိသူ​ပေါင်း ၁၆၀၀၀၀ ​ကျော်ရှိ

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်​နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲကြီးအတွက် ဝက်လက်မြို့​ပေါ် ၃ ရပ်ကွက်နှင့် ​ကျေးရွာအုပ်စု ၆၉ အုပ်စုတို့တွင် အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲ​ပေးပိုင်ခွင့်ရှိသူ ​ပေါင်း ၁၆၀၀၀၀ ​ကျော်ရှိ​ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများအား ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် နေရပ်ပြန်(၁၅၅)ဦး ရောက်ရှိကြိုဆိုနေရာ ချထား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်နှင့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန် ကျား(၇၄)ဦးနှင့်မ(၈၁)ဦး စုစုပေါင်း(၁၅၅)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့ တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။

ကျောက်တန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်သောအသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို ယနေ့နံနက်က လူစည်ကားရာနေရာတွင် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်းသိရသည်။

ကသာမြို့နယ်၊ နတ်ရေတွင်းကျေးရွာတွင် Cash For Work စီမံကိန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ဦးစီးမှူးဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ကသာမြို့ နယ်၊ နတ်ရေတွင်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုကုစားရေးအစီအစဉ်ဖြင့် Cash For Work စီမံကိန်း ဆောင်ရွက်နေမှုအား ဩဂုတ် လ(၆)ရက်နေ့၊ ညနေပိုင်းက ကျေးရွာသို့ သွား‌ ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တတိယအကြိမ်မြောက် အရပ်ရပ်အခွင့်အရေး လိုင်စင်(၂၄)ခုအား လေလံ ရောင်းချပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးစနစ်ဖြင့် လေလံဆွဲဝယ်ယူရန် ဆန္ဒမပြုသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၄)ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ တတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အရေး လိုင်စင်များ တတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် ပြည့်စုံချမ်းသာ သမဝါယမအသင်း ဖွဲ့စည်း

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာနမှ စီစဉ်ကျင်းပသော ပြည့်စုံချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးမှူး ဒေါ်တင်တင်မူနှင့် အသင်းသားများ တက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ် စမ်းကြီးကျေးရွာနှင့် အင်တိုင်းသာကျေးရွာတို့၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ထုတ်ချေး

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေများကို ယနေ့ နံနက်(၁၀)နာရီက လယ်ဝေးမြို့နယ် စမ်းကြီးကျေးရွာတွင် ထုတ်ချေး ပေးခဲ့သည်။
Subscribe to