အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စု များအား မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား မန္တလေး တိုင်း‌ဒေသကြီး အစိုးရအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အဆိုပါရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသည့် နေရာတွင် ပြုလုပ်သည်။

ရွှေကူမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးဆောင်ရွက်မည့် အထူးရဲများ သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပဆောင်ရွက်မည့် အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်ရမည့် အထူးရဲများ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့် တွင် မြို့နယ်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်၌ ပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ယမန်နေ့ ညပိုင်းတွင် ပိတ်ဆို့ရှာဖွေရေး လုပ်ငန်းများကို ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် ရဲတပ်ဖွဲ့၌ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ပုလောမြို့နယ် ရဲတပ်ဖွဲ့၌ အထူးရဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ပုလော မြို့နယ်၊ တောင်ယာကမ်းကျေးရွာ အထက (ခွဲ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လင်းခေး၌အထူးရဲသင်တန်းဆင်းပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင်အထူးရဲသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီကလင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ် ရေလဲကလေးကျေးရွာအုပ်စု နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား ကျန်းမာရေးစောင့်ရှောက်မှုကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးမှူးဦးကိုကိုဦး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးဇော်မျိုးဌေးနှင့် တပ်ဖွဲ့ဝင်တာဝန်ရှိသူများက မအူပင်မြို့နယ် ရေလဲကလေးကျေးရွာအုပ်စု နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းဆောင် ွက်ခဲ့သည်။

ဝါးခယ်မတွင် မဲရုံ ၃၃၃ ရုံ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်း

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူများ စိတ်အေးချမ်းမြေ့စွာ ဆန္ဒမဲပေးနိုင်စေရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲများကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ သင်တန်းပို့ချပေးခဲ့ပြီး ယနေ့ နံနက် ၇ နာရီက သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။

ဆီဆိုင်၌ အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာ ရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မ၌ ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲရုံ ၃၃၃ ရုံ၌ အသုံးပြုမည့် ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက် ၇ နာရီက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
Subscribe to